ဝက်လက်  ဒီဇင်ဘာ  ၁

         

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် နွေစပါး တင်း ၁၂၀ ထွက်ရှိရေးအတွက် နည်းပညာ သင်တန်း ဖွင့်ပွဲ အခမ်းနားကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

         

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည် က သင်တန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။

         

နွေစပါး တင်း ၁၂၀ ထွက်ရှိရေးအတွက် သင်တန်းပို့ချရာတွင် ရွှေဘိုခရိုင် မျိုးစေ့ တာဝန်ခံ ဒေါ်မေကြွယ်ဝင်း၊ ခရိုင် သီနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မာချို၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယဦးစီးမှူး ဒေါ်အမာကြည်  တို့က သင်တန်းပို့ချရာတွင် နွေစပါး တင်း ၁၂၀ ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့် ရရှိသုံးစွဲရေး၊ ပိုးပွှားရောဂါ စနစ်တကျ ကြိုတင်ကာကွယ်ရေး စိုက်နည်းစနစ်၊ တစ်ဧက ကုန်ကျစရိတ် လျှော့ချရေး စသည်တို့ကို သင်တန်းပို့ချကြောင်း သိရသည်။

            

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ တောင်သူ ၄၀  တက်ရောက် ကြကြောင်း သိရှိရသည်။

                                                                                                                                                    

စိုးစိုးလှိုင် (ဝက်လက်)