ဝက်လက် ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် အခြေခံ စားသောက်ကုန် (၅) မျိုးကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ အမှတ် ( ၃) ရပ်ကွက်ရှိ၊ အိမ်ထောင်စု (၁၅၉) စုကို အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန် (၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)သား၊ ကြက်သွန်နီ (၁)ပိဿာ၊ ပဲ (၁)ပိဿာ တို့ကို အခြေခံလူတန်းစာများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ပြီးသည်။
ယင်းနောက် အမှတ် (၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၈၃)စု ကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


