ဝက်လက်   အောက်တိုဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ မြို့မ စည်ပင်သာယာစျေး အနောက်ဘက်တွင် အောက်တိုဘာ ၁၇ ရက် နံနက် ၆ နာရီမှ စတင်၍ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာကို ၃၉၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  စားဆီ လက်လီ ရောင်းဝယ်ရေးကားဖြင့် လူတစ်ဦးလျှင် ဆီ ၁ ပိဿာကို ၃၉၀၀ ကျပ်နှုန်းဖြင့် တစ်ရက်လျှင် ဆီပိဿာ  ၁၁၀၀ ကို သုံးရက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)