ဝက်လက် နိုဝင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ပြုလုပ်သည်။

 

အဆိုပါ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီစဉ်တွင် ဝက်လက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊လုပ်ငန်းစဉ်များ၊ စားသုံးသူဆိုသည်မှာ၊ ကော်မရှင်နှင့်ကော်မတီ စသော စကားရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

စိုးစိုးလှိုင်(ဝက်လက်)