ဝက်လက်  နိုဝင်ဘာ  ၁၅
          
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၁ - ၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP နှင့် AVIP ရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်သည်။
          
သင်တန်းဖွင့်ပွဲ အခမ်းနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင်  ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း VDP ၏ ရည်ရွယ်ချက် များဖြစ်သည့် ကျေးလက်နေပြည်သူများ ကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဥ်အလိုက် စီမံချက်ရေးဆွဲ ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ် အခြေခံ၍ နှစ်စဥ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံဖြိုးရေးအစီအစဥ်များနှင့် ချိတ်ဆက်နိုင်စေရန် စသည်တို့ ပြောကြားသည်။ 
             
သင်တန်းပို့ချရာတွင် ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများက စီမံကိန်း သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကျေးရွာ အခြေပြမြေပုံရေးဆွဲခြင်း၊ ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲခြင်း၊ ကျေးရွာ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဝေဖန်ဆန်းစစ်ခြင်းတို့ကို ဆွေးနွေးပို့ချကြောင်း သိရသည်။
         
အဆိုပါသင်တန်းသို့ သင်တန်းသား ၁၂ ဦး တက်ရောက်ရာ သင်တန်းကို ၅ ရက်ကြာ သင်တန်းပို့ချ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 
                                                                                                                
စိုးစိုးလှိုင် ( ဝက်လက်)