ဝက်လက် အောက်တိုဘာ            ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယတွင် စက်တင်ဘာ ၃၀ ရက်က လိန်ပင်ကျေးရွာ၊ တောင်သူ ဦးဉာဏ်ချို၏ စပါးစိုက်ခင်းတွင် ဥကပ်ပါးနဂျီလွှတ်၍ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးစပါး စိုက်ခင်း တစ်ဧကလျှင် ၄၀ ကတ်နှုန်းဖြင့် ၅ ဧက အတွက် ကတ် ၂၀၀ ကို ဥကပ်ပါးနဂျီလွှတ်၍ ပိုးမွှား ကာကွယ်နှိမ်နင်းရေး သရုပ်ပြပွဲကို ခရိုင်သီးနှံ တာဝန်ခံနှင့် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ကြသည်။

 

သရုပ်ပြပွဲ အခမ်းအနားသို့ ဝက်လက်မြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ၊ ရွှေဘိုခရိုင် သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်အမာချို၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

 

စိုးစိုးလှိုင်(ဝက်လက်)

mdn