ဝက်လက် ၂၂ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုင်ခရိုင် ဝက်လက်မြို့တွင်  ယနေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ဝက်လက်မြို့  ပြည်သူ့ဆေးရုံဝင်းအတွင်း၌ အသက် ၆၀ အထက် ဘိုးဘွားများကို အပတ်စဉ် သောကြာနေ့တိုင်း အခမဲ့ ဆေးကုသပေးခြင်းနှင့် အဟာရတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝက်လက်မြို့နယ်အတွင်းရှိ အသက် ၆၀ ကျော် ဘိုးဘွား ၅၀ဝ ကျော်ကို ဦးကျော်သူ၊ ဦးဖုန်းမြင့်တို့မှ ဦးဆောင်ကာ စေတမာန် လူငယ်အဖွဲ့ အကျိုးဆောင်များက အဟာရများ တိုက်ကျွေးခြင်း၊ အလှူရှင်များ ရှာပေးခြင်းများ ပြုလုပ်ပေးသည်။ 

 

ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသန့်ဇင်လတ်နှင့် ကျန်မာရေး ဝန်ထမ်းများ၊ အငြိမ်းစာကျန်းမာရေးဆရာမ ဒေါ်မြင့်ဆွေတို့က ဆောင်ရွက်ပေးခဲ့ပြီး အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

စိုးစိုးလှိုင်(ပြန်/ဆက်)

 

FB_IMG_15