ဝက်လက်၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းက သရဖူ လက်ဖက်ရည် ဆိုင်ရှေ့တွင် အိမ်ထောင်စုပေါင်း ၃၀၀ ကို အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကာလအတွင်း မြို့နယ်အတွင်း ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစား ၃၀၀ ကို စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ကြက်ဥ ၅ လုံး၊ ခေါက်ဆွဲခြောက် ၂ ထုပ်၊ ဆပ်ပြာ ၁ ချောင်း ၊ ငါးသေတ္တာ ၁ ဘူးတို့ကို စေတနာရှင်၊ အလှူရှင် ၂၅ ဦး ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့်အတူ အလှူရှင် ၂၅ ဦးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)


