ဝက်လက် ၇ သြဂုတ်
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ၊ ရွှေပန်းကုံး ကျေးရွာနှင့် ရွှေအိုးရ ကျေးရွာတို့တွင် Covid-19 Economic Relief Plan ဖြင့် ပျိုးစေ့ထုတ် ဧက (၁၀၅) စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်း တောင်သူ ဦးမျိုးနိုင်၏ လယ် (၈) ဧကကို စတင်စိုက်ပျိုးနေသည် ဖြစ်ကြောင်း သိရသည်။
မျိုးစေ့ထုတ် ဧက (၁၀၅) စိုက်ပျိုးရခြင်းသည် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးပွားကာ စျေးကောင်း ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ် ဧကများ စိုက်ပျိုးရာတွင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဒေါ်အေးမာလာနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်းလည်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)