ဝက်လက် စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုထံသို့ အခြေခံစားသောက်ကုန် ၃ မျိုးကို ဝက်လက်မြို့နယ် အမှတ် ၂ ရပ်ကွက်နေ ကိုဦး၊ မချောစု မိသားစုမှ စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ၊ ဟင်္သာမင်း ဖက်ရှင်စတိုး ရှေ့တွင် အိမ်ထောင်စု ၁ ၂၀၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာလအတွင်း လိုအပ်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အတွင်း စားဝတ်နေရေး ခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စု စာရင်းများကို ကြိုတင် စာရင်းကောက်ယူပြုစုခဲ့ရာ အိမ်ထောင်စု ၁၂၀၀ ရရှိခဲ့ပြီး အဆိုပါ အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် လှူဒါန်းပေးအပ်သည်။
ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါးသေတ္တာ ၁ ဘူးကို လက်ဝယ်အရောက် ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစု၊ လူဝေး မဖြစ်စေရန် တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာ တန်းစီ၍ နှာခေါင်းစည်း Mask တပ်ဆင်စေပြီးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


