ဝက်လက်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရာတွင် အသုံးပြုရန် အလှူငွေပေးအပ်

ဝက်လက် ဇူလိုင်  ၉

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ဆေးကုသရန်နှင့် လိုအပ်သောနေရာများတွင် သုံးစွဲနိုင်ရန်အတွက် ဟင်္သာမင်း ဖက်ရှင်စတိုးမိသားစု အလှူငွေကျပ် သိန်း ၂၀ အား လှူဒါန်းခဲ့သည်။

 

 

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ပိုး တွေ့ရှိသူများကို ခေါ်ယူပို့ဆောင်ပေးနေသော ဝက်လက်မြို့ မေတ္တာရှင်း လူမှုကူးရေး အသင်းအတွက် ငွေကျပ် ၅ သိန်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအတွက် ဆေးကုသရန်နှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲရန်အတွက် အလှူငွေကျပ် ၁၅ သိန်း စုစုပေါင်း ကျပ် သိန်း ၂၀ ကို ပေးအပ် လှူဒါန်သည်။

 

 

အလှူငွေများကို မေတ္တာရှင် လူမှုကူညီးအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်၊ အတွင်းရေးမှူး ဦးမောင်မောင်သန်း၊ အသင်းဝင် ဦးဝင်းအေး တို့က လက်ခံရယူရကြောင်း သိရသည်။

 

 

စိုးစိုးလှိုင်(ဝက်လက်)

 

mdn