ဝက်လက် - သြဂုတ် - ၁၅
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူများနှင့် ထိတွေ့မှုရှိပြီး Quarantine Center များသို့ရောက်ရှိ နေသူများကို ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ဇွန်လ ၁၁ ရက်မှ စ၍ သြဂုတ်လ ၁၀ ရက်အထိ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူပေါင်း ၅၂၇ ဦး၊ ဆေးဝါးကုသမှုခံယူနေသောလူနာ ၉၃ ဦး၊ ရောဂါပျောက်ကင်း၍ မိမိတို့ နေအိမ်သို့ ပြန်လည်နေထိုင်ခွင့်ရသူ ၃၈၉ ဦး၊ သေဆုံးသူ ၄၅ ဦး ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြောကြားသည်။
ဝက်လက်မြို့နယ်အတွင်း Quarantine Center နှစ်ခုမှ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူခဲ့ပြီးနောက် ကိုဗစ် - ၁၉ ရောဂါ ကင်းစင်၍ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပြုသူပေါင်း ၃၈၉ ဦးရှိလာပြီး မိမိတို့နေအိမ်များ၌ ခုနှစ်ရက်ကြာ သီးခြားစောင့်ကြည့်မှုခံယူခဲ့ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


