ဝက်လက် ၆ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွှေဘို - မုံရွာသွား ကားလမ်း၌ ဇွန် ၅ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၅ ရက် နံနက် ၉ နာရီခန့်က ဝက်လက်မြို့နယ် ရွှေဘို - မုံရွာသွားကားလမ်း ဘိုတဲကုန်းကျေးရွာ အရှေ့မြောက်ဘက်တွင် မုံရွာဘက်မှ ရွှေဘိုဘက်သို့ ဦးညိုဦး ( ၆၀ နှစ်) မောင်းနှင်လာသော ဆိုင်ကယ်မှ လားရာတူရှေ့တွင် ဦးခင်မောင်တင် ( ၅၀ နှစ်) မောင်းနှင်နေသော အဖြူရောင် မော်တော်ယာဉ်ကို ကျော်တက်စဉ် ဆိုင်ကယ်မှာ ယာဉ်၏ရှေ့သို့ ရောက်ရှိသွားရာ၊ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးညိုဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး ရွှေပန်းကုံးတိုက်နယ် ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လက်မြို့နယ် ရွှေပန်းကုံးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


