ဝက်လက် ၁၁ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းဝေးခန်းမသို့ ယနေ့ နံနက် ၁‌၀ နာရီက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုး စတင်ရောက်ရှိကြောင်း သိရသည်။

 

ဝက်လက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၂) အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၅၆၆)စုအတွက် ထောက်ပံ့ပစ္စည်းများကို အချိန်မီထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်ဉီးစီးဌာနမှ ဉီးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဉီးစီးဌာနမှ မြို့နယ် ဉီးစီးမှူးတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုထောက်ပံ့မည့် အိမ်ထောင်စု (၂၃၅၆၆) စုအတွက် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်ပြီး ဆန် (၇၈၅၆)အိတ်၊ ဆီ (၁၁၇၈၃)ပိဿာ၊ ဆား (၁၁၇၈၃) ပိဿာ၊ ပဲ (၂၃၅၆၆) ပိဿာ၊ ကြက်သွန်နီ (၂၃၅၆၆)ပိဿာ ရှိကြောင်း သိရသည်။

 

စိုးစိုးလှိုင်(ဝက်လက်)