ဝက်လက် သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အောက်စီဂျင် လိုအပ် နေသော ဒေသခံပြည်သူများကို မန္တလေးမြို့ မြသုခလူမှုကူညီရေးအသင်းမှ လာရောက်၍ ယနေ့ နံနက် ၈ နာရီက မေတ္တာရှင် လူမှုကူညီရေး အသင်းတွင် အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးရာတွင် ယမန်နေ့ ကတည်က မေတ္တာရှင် လူမှု ကူညီရေးအသင်းမှ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသူများကို အိုခွံများ ယူဆောင်လာစေရန် အသိပေး အကြောင်းကြားထားရာ ယနေ့တွင် အောက်စီးဂျင်ကို လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်း ၄၀ လီတာအိုး အလုံး ၄၀ ကို မြသုခ လူမှုကူညီးရေးအသင်း ရန်ပုံငွေမှ ၊ ဝက်လက်မြို့နယ်အတွင်ရှိ ဒေသခံပြည်များ၏ အောက်စီဂျင် လိုအပ်မှု အခက်အခဲကို သိရှိ၍ ယခုလို လာရောက်ကာ အခမဲ့ ဖြန့်ဝေပေးကြောင်း မန္တလေးမြို့ မြသုခ လူမှု ကူညီရေးအသင်း ဥက္ကဌ ဦးသန်းဝင်း ၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)


