ဝက်လက် ၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင်မင်းကျောင်းလမ်းဘေးဝဲယာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ကွင်းဆင်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
လမ်းဘေးဝဲယာ ကွန်ကရစ်လမ်းခင်ခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဝက်လက်မြို့ မင်းကျောင်းလမ်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကွန်ကရစ်လမ်းကို ၃၃ ဒသမ ၆ ကျပ်သန်း ဖြင့် ဆောင်ရွက်ရာ လမ်းအရှည် ဝဲယာ ၁၆၀ဝ ပေ၊ အကျယ် ၆ ပေ၊ ထု ၆ လက်မ ဖြင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်း ခင်းခြင်လုပ်ငန်းကို ခွင့်ပြုငွေ ၁၅ ဒသမ ၁၆၂၅ ကျပ်သန်း ဖြင့် လမ်းအရှည်ပေ ၁၁၀ဝ ၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မဖြင့် ဆောင်ရွက်သည်။
အဆိုပါလမ်းများ ကို ဝက်လက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျောင်သောင်း၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးအောင်မိုးခိုင် (အတတ်ပညာရှင်)၊ မြို့နယ် အမှူဆောင်အရာရှိ ဒေါ်စန္ဒာထွန်း၊ လက်ထောက် အင်ဂျင်နီယာ ဒေါ်စုစုမြိုင် တို့မှ အရည်အသွေးပြည့်မီရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးစိုးလှိုင်


