ဝက်လက် ၂၇ ဇန်နဝါရီ

 

စစ်ကိုင်တိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ အမှတ်(၆၁) လယ်ယာဝန်ဆောင်မှု စခန်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်သည်။

 

9888552

 

ရှေးဦးစွာ ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးဌာနမှူး ဦးငွေဇော်စိုးက ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အသင်းသားများအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးစား၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးလှငွေမှ တစ်ဦးချင်း ပိုင်ဆိုင်မှုအလိုက်၊ ပိုင်ဆိုင်မှုအပေါ်မူတည်၍ သိန်း ၅၀ဝ ထက်မပိုသော ချေးငွေရရှိရန် ကြိုးစားနေကြောင်းနှင့် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသစ္စာမှ အသင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်  ရိတ်စက်၊ ထွန်စက် အပိုပစ္စည်းများကို လဆိုင်း အကြွေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသော အသင်းသားများမှလည်း အပြန်အလှန် ဆွေနွေးညှိနှိုင်းမှုများ ပြုလုပ်ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူများနှင့် ဝက်လက်မြို့နယ်အတွင်းရှိ ထွန်စက်၊ ရိတ်စက်ပိုင်ရှင် ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင် (ပြန်/ဆက်)