ဝက်လက်မြို့တွင် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်

ရွှေဘို  ၂၃  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး  ဝက်လက်မြို့တွင်   ၂၀၁၈  ခုနှစ်  မိုးရာသီကာလအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံပျက်စီးဧက ၄၈၁၉၅ ဧကအပေါ်  ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို  ယနေ့ နံနက်  ၉ နာရီက ဝက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

5037

 

အဆိုပါ ရေကြီးနစ်မြှုပ်မှုကြောင့်  သီးနှံ(၅) မျိုးပျက်စီးခဲ့သော ကျေးရွာအုပ်စုပေါင်း (၄၃) အုပ်စု၊ တောင်သူ ၁၆၈၁၆ ဦးတို့၏  ပျက်စီးဧက ၄၈၁၉၅ ဧက၏ ပျက်စီးမှုများအပေါ် အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၂၄၂၄၃၅၀ဝ၀ဝ ကို ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး  ဦးလှမိုးကျော်က ပြောသည်။

 

5205

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမှုံ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး  ဦးဝင်းလှိုင်ဦးနှင့်  တာဝန်ရှိသူများက သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

မိုးသောက်(ရွှေဘို)