ငါးသိုင်းချောင်း ၂၇  နိုဝင်ဘာ

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့၌ မြို့လုံးကျွတ် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံခြင်း ဒုတိယ မြောက်နေ့ အဖြစ် နိုဝင်ဘာလ(၂၇)ရက်နေ့၌ မြို့ပေါ်ရှိ ငဝန်ရပ်ကွက်လောကမာန်အောင် တန်ဆောင်း/ ရွှေဘိုရပ်ကွက် သာသနာ့ အလင်းရောင် ကျောင်းတိုက်နှင့် မြို့သစ်ရပ်ကွက် သီရိအောင်စေ ကျောင်းတိုက် ကာကွယ်ဆေးထိုးစုရပ်သုံးနေရာတွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက် ပေးလျက် ရှိသည်။

 

ငဝန်ရပ်ကွက် လောမာန်အောင် တန်ဆောင်းကာ‌ကွယ်ဆေး ထိုးစုရပ်၌ စာရင်းရှိ ကလေး ဦးရေ (၁၈၀) ရှိပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်သူများအကူအညီဖြင့် အသက်ကိုးလမှ ငါးနှစ်ခွဲအထိ ဧည့်သည် ကလေးငယ် (၂) ဦးအား စာရင်းကောက်ယူ၍ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ရာ နိုဝင်ဘာလ (၂၈) ရက်နေ့ အထိ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းအစီအစဉ်တွင် မိမိတို့ခရီး ရောက်ရှိနေရာ ဒေသ/ ရပ်ကွက်/ ကျေးရွာများရှိ သက်ဆိုင်ရာ အုပ်ချုပ်သူများ၏ အကူအညီ ဆက်သွယ် ရယူ၍ အသက်ကိုးလမှ ငါးနှစ်ခွဲအထိ ဧည့်သည်ကလေးငယ်များအား သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးစုရပ်များ၌ ထိုးနှံနိုင်ကြောင်း မြို့ကျန်းမာရေးဌာနထံမှ သိရှိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)