ထီးလင်း ၂၅ ဇွန်
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝက်သက်ရွာ၌ ဇွန် ၂၄ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ လူနေအိမ် ၆ လုံး အမိုးလန် ပျက်စီးသွားကြောင်းနှင့် လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်သည့် ဝက်သက်ရွာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စည် (ပြန်ဆက်)


