မော်လမြိုင်ကျွန်း ၃၁ မေ
မော်လမြိုင်ကျွန်းမြို့နယ် ဖူထီကျေးရွာအုပ်စု၊ နွားရေကျော်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းနှင့် ဝန်ထမ်းများက ဝက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါများ မဖြစ်ပွားစေရေးအတွက် အခမဲ့ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိသည်။
ထိုသို့ ကာကွယ်ဆေးထိုးပေးရာတွင် ဝက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါ မဖြစ်ပွားစေရေးအတွက် မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဝက်ကောင်ရေ (၂၀၀)နှင့် ကြက်ကောင်ရေ (၅ဝဝ)တို့အား စေတနာ့၀န်ထမ်းများ အကူအညီနှင့် ဆောင်ရွက်ပေးခဲ့သည်။
သီတာအောင်(ပြန်ဆက်)


