နေပြည်တော် ၁၇ ဇူလိုင်


မြန်မာနိုင်ငံအနှံ့ရှိ ဝါးလက်မှုပစ္စည်းမျိုးစုံပါဝင်မည့် ဝါးထုတ်ကုန် ပြပွဲကြီးကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

 

1

 


အဆိုပါ ဝါးထုတ်ကုန်ပြပွဲကြီးကို လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သင်းလုံးကျွတ် အစည်းအဝေးနှင့်အတူ တွဲဖက်ကျင်းပ သွားမည်ဖြစ်သည်။

 

1

 


"ဝါးလက်မှုပညာရှင်တွေ အချင်းချင်း တစ်ဦးလက်ရာတစ်ဦး ဖလှယ်ပြသမယ့်ပွဲပါ။ ရောင်းစရာရှိတာလည်း ရောင်းမယ်။ ဝါးနဲ့ပတ်သက်ပြီး သိလိုတာတွေလဲ မေးမြန်းနိုင်မယ်၊ ဆွေးနွေးနိုင်ပါမယ်" ဟု မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။


ပြပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးနီးပါးရှိ ဝါးလက်မှု ထုတ်ကုန်အမျိုးအစားစုံလင်စွာပြသ မည့်အပြင် လက်ရှိဈေးကွက်ရရှိနေသည့် ဆန်းသစ်တီထွင်ထားသော တန်ဖိုးမြှင့် ဝါးလက်မှုလက်ရာများလည်း ပါဝင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြပွဲသို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဝင်များ၊ အသင်းဝင် လျှောက်လွှာလျှောက် ထားသူများအပြင် စိတ်ဝင်စားသူများပါ တက်ရောက်လေ့လာနိုင်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းမှ သိရသည်။ 


သူရိန်လင်း
ဓါတ်ပုံ - မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်း