တောင်ကြီး အောက်တိုဘာ ၁၉

 

ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါသမယ သီတင်းကျွတ်လပြည့်နေ့တွင် အများပြည်သူများအနေဖြင့် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင် စိတ်အေးချမ်းသာကြည်လင်စွာ ကုသိုလ်ယူနိုင်ရန်အတွက် အောက်တိုဘာ(၁၉) ရက် အဖိတ်နေ့ နံနက်(၇)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာစေတီ ရင်ပြင်တော်နှင့် ဘုရားစေတီစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကုသိုလ်ယူခဲ့ကြသည်။ ဆက်လက်၍ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တွင်လည်း သန့်ရှင်းဆောင်ရွက်ကုသိုလ်ယူခဲ့ကြသည်။

 

အဆိုပါ ဝါလကင်းလွတ်သီတင်းကျွတ် အဖိတ်နေ့တွင် စူဠာမုနိစေတီတော်ရင်ပြင်နှင့် ရွှေဘုန်းပွင့်ဘုရားစေတီ ရင်ပြင်တော်ပေါ်၌ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့တို့မှ သန့်ရှင်း ဆောင်ရွက်ကုသိုလ်ယူကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)