ဒဂုံမြောက် ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် အစား​အ​သောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး​ခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။ 

 

မြို့နယ်အတွင်းရှိ ဈေးများအတွင်း ဈေးသည်များ ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်နှင့် ခြင်၊ ယင်များ မနားစေရန်၊ လတ်ဆတ်သော အစားအသောက်များသာ ရောင်းချရန်၊ သန့်ရှင်းသောရေကို သောက်သုံးရန်၊ လက်၊ အိမ်သာ သန့်ရှင်းစွာထားရှိရန်၊ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များအချက်များကို သိရှိလိုက်နာစေရန်အတွက် လက်ကိုင် Hand စပီကာများဖြင့် အသိ‌ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ရီ