မိတ္ထီလာ ၁၈ ဇူလိုင်လ 

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရန် ဝမ်းတွင်းဓာတ်အားခွဲရုံရှိ 33/11KV,10MVA ထရန်စဖော်မာအား 33/11KV,20MVA ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူဦးရေ တိုးတက်များပြားလာသည့်အတွက် 33/11KV,(15+10)MVA   ဝမ်းတွင်းဓာတ်အားခွဲရုံရှိ 33/11KV,(10)MVA ထရန်စဖော်မာအား 33/11KV,20MVA ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဇူလိုင် ၁၄ ရက်က မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး အစားထိုးလှဲလှယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ 33/11KV,(20)MVA ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ဝမ်းတွင်းမြို့ပေါ်ရှိ ရပ်ကွက် (၆) ခုနှင့် ကျေးရွာ (၆၇) ရွာတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ပိုမိုသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ) ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

0.21