ဝမ်းတွင်း ဇွန် ၄

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုံး) သင်တန်းဆင်းပွဲကို မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။

 

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နှင်းအိအိသွယ်က အမှာစကားပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ အဆိုပါ သင်တန်းကို မေ ၂၁ ရက်မှ ဇွန် ၃ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့​ကြောင်း သိရသည်။

 

သန်းတင်အောင် (ကြေးမုံ)