ဝမ်းတွင်း ဇန်နဝါရီ ၆

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၅၈၀) အား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ထုတ်ချေးပေးခဲ့သည်။

 

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်းရန်ပုံငွေ (၅)ယူနစ်ကို ခင်တန်း၊ ကုန်းကြီး၊ ရေအောင့်၊ မြစ်သူငယ်၊ အောင်သာကျေးရွာတို့မှ (၅)ယူနစ်အတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍ အဆိုပါကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့သည်။ 

 

ယင်းသို့ ထုတ်ချေးပေးရာတွင် ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၂၀  အတွက် ထုတ်ချေးငွေ ၁၂၇.၃၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄၀ အတွက် ထုတ်ချေးငွေ ၃၄.၈၅သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၃ ဦးအတွက် ထုတ်ချေးငွေ ၀.၉သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦးအတွက် ထုတ်ချေးငွေ ၅.၇သန်းတို့ကို အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)