ဝမ်းတွင်း   ၁၄   မေ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကင်းရွာကျေးရွာ၊ ဆူးဖြူကန်ကျေးရွာနှင့် ကုလားရွာ ကျေးရွာသုံးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာသုံးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရှိစေရေးအတွက် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ပေးခဲ့ကြောင်း သိရသည်။

 

ကင်းရွာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သတ္တမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၆ ဦးအား ချေးငွေကျပ် ၂၈ ဒသမ ၄ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၁၈ ဦးအား ချေးငွေကျပ် ၁၅ ဒသမ ၄၅ သန်းအားလည်းကောင်း၊ ဆူးဖြူကန်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးအား ချေးငွေကျပ် ၈ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀ ဦးအား ချေးငွေကျပ် ၃၈ ဒသမ ၇သန်း၊ ဈေးအရောင်းအဝယ်လုပ်ကိုင်သူ ၄ ဦးအား ချေးငွေကျပ် ၃ သန်းအားလည်းကောင်း၊ ကုလားရွာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၆ ဦးအား ချေးငွေကျပ် ၂၇ ဒသမ ၁၅ သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄ ဦးအား ချေးငွေကျပ် ၁၃ ဒသမ ၄ သန်း၊ ဈေးအရောင်းအဝယ်လုပ်ကိုင်သူ ၄ ဦးအား ချေးငွေကျပ် ၂ ဒသမ ၆၅ သန်း၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအား ၀ ဒသမ ၇၅ သန်း စုစုပေါင်းကျေးရွာသုံးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအသင်းဝင် ၃၇၈ ဦးအား ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားဝတ်နေရေး လုပ်ငန်းများအပေါ် ထိခိုက်မှုများလျော့နည်းစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အတိုးငွေပြား ၅၀ နှုန်းဖြင့် ချေးငွေကျပ် ၁၃၂ ဒသမ ၄၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး ကပြောပြ၍ သိရသည်။

ငြိမ်းသူ