ဝမ်းတွင်းမြို့နယ်၌ “လွန်ဆွဲပွဲ” ကျင်းပ

ဝမ်းတွင်း၊ မေ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မိုးခေါ်လို၍ “လွန်ဆွဲပွဲ”ကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းအမှတ်(၃)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

“လွန်ဆွဲပွဲ” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် လွန်ဆွဲခြင်းသည် မြန်မာအဘိဓာန်ကျမ်းတွင်လွန်ကို ဖြတ်သန်းကျော်လွန်သည်၊ ဖီဆန်သည်၊ လိမ်ကျစ်ထားသောကြိုးဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လွန်ဆွဲ”ကို တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ရန် လွန်ကြိုးကို အပြိုင်ဆွဲရသည့်အတွက် အားပြိုင်ပွဲဟု ခေါ်ဆိုကြသည်။ ရှေးအခါက မိုးခေါ်လို၍ လွန်ဆွဲကစားခြင်းရှိသကဲ့သို့ အပျော်အားပြိုင်ခြင်း၊ အားစမ်းကစားခြင်းအဖြစ် လွန်ဆွဲ”ခြင်းလည်း ရှိခဲ့သည်။ “လွန်ဆွဲ”ခြင်းသည် အားသန်စေခြင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်း၍ ကျန်းမာခြင်း၊ စိတ်ပျော်ရွှင်ခြင်း၊ ယုံကြည်မှုအတွက် ကျေနပ်ခြင်း၊ ရပ်ကွက်သူရပ်ကွက်သားများ စည်းလုံးချစ်ခင်ညီညွတ်ခြင်း၊ အားကစားစိတ်ဓာတ်၊ အသင်းစိတ်ဓာတ် ရရှိခြင်းစသည့် အဓိကအကျိုးရလဒ်များ ရရှိစေကြောင်း သိရသည်။

 

အဆိုပါ မိုးခေါ်လို၍ လွန်ဆွဲ”ကစားခြင်းကို ဝမ်းတွင်းအမှတ်(၃)ရပ်ကွက်ရှိ ရပ်ကွက်သူ ရပ်ကွပ်သားများမှ ပါဝင်ခဲ့ကြပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုရဲ(ဝမ်းတွင်း)