ဝမ်းတွင်း ၊  သြဂုတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်မိုးရာသီ၌ မိုဦးသီးနှံများပျက်စီးခဲ့သည့် စိုက်ဧက ၉၉၇ ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်က စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီတွင် မိုးသီးနှံများရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးသွားသော တောင်သူများ၏ မိုးသီးနှံ စိုက်ဧကများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်နှင့် တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

 

ဝမ်းတွင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်မိုးရာသီတွင် မိုးသီးနှံများရေကြီးနစ်မြုပ်၍ သီးနှံများပျက်စီးသွားသော ကျေးရွွာ(၁၄)အုပ်စုမှ တောင်သူ (၉၉၇)ဦး၏ မိုးသီးနှံစိုက်ဧက (၁၆၂၈.၃၈)ဧကအတွက် ငွေကျပ် ၈၉၈၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း ပြန်/ဆက်)