ဝမ်းတွင်း၊  ၂၈  မေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀ ၂၁ -၂၀၂၂ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအပ်နှံရေး လုပ်ငန်းများကို နေ့စဉ်နံနက်(၉)နာရီမှ စတင်ကာလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများမှ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ Face Shield များကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်း ကျောင်း-ခွဲ(၂၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်းတို့ရှိပြီးကျောင်းသား/သူများ အတွက် ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက်နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

mdn