ဝမ်းတွင်း ၊ မေ ၂၇

           

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့်ရရှိရေးအတွက် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့  မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့မှစတင်ကာ ကျောင်းသား ကျောင်းသူများအတွက် (KG)တန်းမှ Grade-11) အထိ ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ကြီးများက ကြီးကြပ်ကာ ဆရာ/ဆရာမများက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲမျိူးသက်(ဝမ်းတွင်း)