ဝမ်းတွင်း ၂၃ နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာအဆီအခဲ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

a

 

အခမ်းအနားတွင် ဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပြီးဆုံးသွားပါက အလုပ်အကိုင် အခွင့်အလမ်းရရှိ၍မိသားစု ဝင်ငွေတိုးပွားမည့် သင်တန်းဖြစ်သောကြောင့်  ကြိုးစား သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၅၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းနည်းပြ များက စာတွေ့လက်တွေ့ တစ်ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦးက ပြောသည်။


Source - ငြိမ်းသူ