ဝမ်းတွင်း  ၂၈   ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများကို သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍  ကျောက်အိုး၊ ခံတော့၊ ကံကြီး၊ ကံကွေ့ ၊ သဲတောလေး၊ မလွှပင်၊ ပြည်တော်သာ ကျေးရွာခုနှစ်ရွာရှိ ရေအရင်းအမြစ်စစ်တမ်းများကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

 

96325

 

ထိုသို့ ကွင်းဆင်းကောက်ယူရာ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ဆုပြည့်မျိုးလှိုင်နှင့် ဝန်ထမ်းများသည် ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် Rural Water Supply Management Information System - MIS Software ဖြင့် ကျေးရွာများတွင် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ်စစ်တမ်းများ၊ ကျေးရွာရေရရှိရေးဆိုင်ရာ အချက်အလက်များကို ကွင်းဆင်း ကောက်ယူခဲ့သည်။

 

12356

 

ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာပေါင်း ၂၁၈ ရွာ ရှိပြီး အဆိုပါကျေးရွာများမှရေရရှိရေးဆိုင်ရာ အချက်အလက်များကို ဝန်ထမ်းများ အဖွဲ့ခွဲ၍ ကွင်းဆင်းကောက်ယူ လျက်ရှိကြောင်း၊ ကျေးလက်ဒေသရှိ ကျေးရွာများကို အလှူရှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ သော်လည်းကောင်းရေရရှိရေး ဆောင်ရွက်ပေးရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး က ပြောပြသည်။

 

ငြိမ်းသူ(စလင်း)