ဝမ်းတွင်း၊ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် () ဦး ထပ်မံတွေ့ရှိကြောင်း ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးမှ သိရသည်။

 

အဆိုပါပိုးတွေ့သူများအနေဖြင့် ရွှေတောင်ကျေးရွာမှ အသက် (၃၆) နှစ်ရှိ အမျိုးသားတစ်ဦး၊ ဝမ်းတွင်း () ရပ်ကွက်မှ အသက် (၆၁) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ ဇီးဖြူခြံကျေးရွာမှ အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် (၃၃) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ ဝမ်းတွင်း () ရပ်ကွက်မှ အသက် (၂၈) အရွယ် အမျိုးသားတစ်ဦး၊ တောင်ဇချမ်းကုန်းကျေးရွာမှ အသက် (၂၇) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ မိတ္ထီလာမြို့ အသက် (၃၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ ဝမ်းတွင်း () ရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး စုစုပေါင်းပိုးတွေ့လူနာ () ဦးရှိကြောင်းနှင့် ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါကုသဆောင်တွင် ဆေးကုသမှုများ ခံယူရန် ဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ခံရသူ (၂၅) ဦးရှိခဲ့ရာ () ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၁၂) ဦး ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)