ဝမ်းတွင်း၊စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးနိုးဆော်ခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်ကိုဗစ်၁၉ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနိုးဆော်ရာတွင် တက်နိုင်သမျှမိမိနေအိမ်တွင်သာနေထိုင်ကြရန်၊အိမ်တွင်ဧည့်သည်လက်ခံခြင်းရှောင်ကျဉ်ပါ၊ မိမိနေ အိမ်တွင်အသက်အရွယ်ကြီးရင့်သူများရှိပါကနှာခေါင်းစည်းများတပ်ဆင်ထားပေးပါ၊မဖြစ်မနေအပြင်သို့ထွက်ရန်ရှိပါက နှာခေါင်းသည်းများကိုစနစ်တကျတပ်ဆင်ကြရန်၊လူစုလူဝေးကိုရှောင်ကျဉ်ရန်၊ အပြင်မှပြန်လာတိုင်းနှာခေါင်းသည်းMaskကိုစနစ်တကျစွန့်ပစ်ရန်၊အဝတ်အစားများမလဲမှီအိမ်သား များနှင့်အနီးကပ်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ၊မိမိနှင့်ပတ်ဝန်းကျင်တွင်ကိုဗစ်၁၉ရောဂါနှင့်ပတ်သက်၍ရောဂါလက္ခာဏာခံစားရပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ကုသမှုကိုစောလျှင်စွာခံယူရန်စသည့်အသိပညာပေးနိုးဆောင်ခြင်းများကိုမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်အသံချဲ့စက် ဖြင့်နိုးဆောင်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြို့နယ်တာဝန်ခံဒေါ်အိအိမွန်နှင့်ဝန် ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ်ကြက်ခြေနီတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လက်သန့်ဆေး ဗူးများနှင့်Maskများဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်


