ဝမ်းတွင်း၊ ဧပြီ ၂၉

           

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဧပြီလ(၂၈)ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သီလရှင်ကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ် ဧပြီလ(၂၈)ရက် ညနေ ၆ နာရီခွဲက မိုး သက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် မြောက်ဆည်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၁၅)လုံးနှင့် သီလရှင် ကျောင်း(၁)ကျောင်း၊ ဗဒင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၃၀)နှင့် စာသင်ကျောင်း(၁)ကျောင်း၊ ခါးတကက္ကုန်းကျေးရွာအုပ်စုတွင် လူနေအိမ်(၁၉)လုံး၊ အောင်သာကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံး၊ စုစုပေါင်းလူနေအိမ်၊ စာသင်ကျောင်းနှင့် သီလရှင်ကျောင်းအပါ(၆၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မိုးသက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာများ ထိခိုက်သေဆုံးခြင်း မရှိကြောင်းနှင့် ဘေးဒဏ်ခံမိသားစုများအား တာဝန်ရှိသူများကလိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုရဲ(ဝမ်းတွင်း)