ဝမ်းတွင်း ၃၀ နိုင်ဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ဉပဒေဆိုင်ရာ အထောက်ကူပေးရေး အဖွဲ့ရုံး ဖွင့်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ (၂၉) ရက် နံနက် (၁၁)နာရီအချိန်က ဝမ်းတွင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဉပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့ရုံးခန်းကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁)၊ ဦးစိုးမင်းထက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်သူ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူနှင့် ဉပဒေဆိုင်ရာ အထောက်ကူပေးရေး အဖွဲ့ဉက္ကဋ္ဌ ဦးကျော်သီဟထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)ဦးအောင်သူမှ ဉပဒေဆိုင်ရာ အထောက်အကူပေးရေး ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း သိရသည်။
ဆက်လက်ပြီး ခေတ္တမြို့နယ်အုပ်ချုပ် ရေးမှူးဦးစိုးမိုးသူမှ ဉပဒေဆိုင်ရာ အထောက်ကူပေးရေး အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းများကို ဆွေးနွေးတင်ပြခဲ့ပြီး ဉပဒေဆိုင်ရာ အထောက်ကူပေးရေး အဖွဲ့ဉက္ကဋ္ဌ ဦးကျော်သီဟထွန်းမှ ဉပဒေဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအကြောင်းကို အကျယ်တစ်ဝန့် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဉပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့ရုံးဖွင့်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူနှင့် ဌာနဆိုင်ရာများ၊ ဉပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ပြန်/ဆက်)