ဝမ်းတွင်း ၇  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် Camp (၃၈) နေရာတို့အတွက် ကျန်းမာရေးသုံး ပစ္စည်းများကိုမြို့နယ် ကိုဗစ်-၁၉ ဦးဆောင်ကူညီရေးအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်ဦးဆောင်ကူညီရေးအဖွဲ့ အနေဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် ကိုဗစ်-၁၉ ရောဂါ Positive လူနာများ၊ Camp (၃၈)နေရာနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ Quarantine Centre များတွင် ဝင်ရောက်နေသော ပြည်သူများအား အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်အတွက် ဆေးရုံသုံး Instruments နှင့် Equipment ပစ္စည်းများ ဖြစ်သည့် Oxygen Set(3) ခု၊ Digital BP Cuff(၁၀)ခု၊ Pulse Oximeter (၁၀)ခု၊ Apron(၁၀၀၀)ခု၊ Cap(၁၀၀၀)ခု Surgical Groen(၂၀၀)ခု Mask(၅၀၀၀)ခု၊ PPE(၉၆)စုံ၊ Hand Gel(၄)၊ KN-95(၃၆)ခု၊ Googles(၃၇)ခု၊ CCTV ကင်မရာတို့ကို မြို့နယ်အတွင်းရှိ အလှူရှင်များကိုယ်စား လှူဒါန်းပေးခဲ့ကြသည်။

 

အဆိုပါ ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် တာဝန်ခံဆရာဝန်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစံမင်းအောင်၊ မြို့နယ် ကိုဗစ်-၁၉ ဦးဆောင်ကူညီရေး အဖွဲ့ကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)