ဝမ်းတွင်း ၂၈ ဇူလှိုင်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ ဝမ်းတွင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ အသံချဲ့စက်ယာဉ်ဖြင့် နှိုးဆော်ပေးလျက်ရှိကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံး၊ ဦးစီးမှူး ဒေါ်အိအိမွန်ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးနှင့် မုန်တိုင်း အန္တရာယ်ဆိုင်ရာများကို မြို့ပြနှင့် ကျေးလက်နေပြည်သူများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးများ အချိန်မီဆောင်ရွက်နိုင်စေရန်နှင့် ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိသဘောပေါက်စေရန် ရည်ရွယ်၍ နှိုးဆော်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


