ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် နှစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးသည့် ပက်ထရာကေဗီတိုဗာသည် ယခုနွေရာသီအကုန် တွင် တင်းနစ်လောကမှ အနားယူတော့မည်ဖြစ်ကြောင်း သိရသည်။
ချက်ဇ်တင်းနစ်မယ် ကေဗီတိုဗာသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် ဝင်ဘယ်ဒန် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးထားနိုင်သူဖြစ်သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်က ဩစတြေးလျ အိုးပင်းပြိုင်ပွဲတွင်လည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်ခဲ့သည်။
ကေဗီတိုဗာသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ကျဆင်းခဲ့သည်။ ၎င်းသည် ၂၀၂၀ ပြည့်နှစ် ဂရင်းဆလမ်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ နောက်ဆုံးအကြိမ် တက်လှမ်း နိုင်ခဲ့ကြောင်း သိရသည်။
ကေဗီတိုဗာသည် ပထမဆုံးရင်သွေးမွေးဖွားရန်အတွက် ၂၀၂၄ တစ်ရာသီလုံး တင်းနစ်ကစားခြင်း ရပ်နားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလမှသာ တင်းနစ်ကစားခြင်း ပြန်လည်စတင်ခဲ့သည်။ အောင်မြင်မှု များ ရယူနိုင်ခဲ့သော ကေဗီတိုဗာသည် လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် ယူအက်စ်အိုးပင်း ပြိုင်ပွဲအပြီးတွင် အနားယူတော့မည်ဟု လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။
မိုးဇက် - စုစည်းရေးသားသည်