mdn

အေးပြည့်

 

အာရှသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ အချစ်ဟာသရုပ်ရှင် “Crazy Rich Asians” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်အမေရိကားမှာ ဒုတိယမြောက် ရုံတင်သီတင်းပတ်အဖြစ် ဆက်လက် ပြသခဲ့ရာလည်း တစ်ပတ်အတွင်း ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့တာဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဝင်နာဘရိုစ်က ထုတ်လုပ်ပြီး စင်ကာပူမှာ မွေးဖွားသူ ကယ်ဗင်ကွမ်ရဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာအုပ်ကို ရုပ်ရှင်အဖြစ် အသက် သွင်းထားတဲ့ “Crazy Rich Asians”  ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း ရရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက် သီတင်းပတ်အတွင်းမှာလည်း အဖွင့်သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ဝင်ငွေကို မီလုနီးပါး ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရုပ်ရှင်သစ်အတွက် ဒါရိုက်တာ ဂျွန်အမ်ချူးနဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ ဝန်နာဘရိုစ်တို့က ယင်းရုပ်ရှင်ကို ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြု ပြောကြားခဲ့ပြီးဖြစ်ကာ ယင်းရုပ်ရှင်သစ်မှာတော့ အချစ်ဇာတ်လမ်းသစ်ကို ပုံဖော်သွားမှာဖြစ်ပါတယ်။ နောင်ထွက်ရှိလာမယ့် ရုပ်ရှင်သစ်မှာတော့ အလွန်ချမ်းသာတဲ့ တရုတ်အမျိုးသမီးတစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ခံစားရမှာဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ ဒီလိုဇာတ်လမ်းသစ်ကို အသက်သွင်းဖို့ရာ စီစဉ်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

 

ကြေးမုံ