ကိုလံဘို ဖေဖော်ဝါရီ ၁၇
သီရိလင်္ကာအစိုးရသည် ၂၀၂၆ ခုနှစ်တွင် ဝင်ငွေနည်းမိသားစုများနှင့် အိုးအိမ်မရှိမိသားစုများအတွက် မြို့တော် ကိုလံဘို၌ မြို့ပြအိမ်ရာအလုံးရေ ၂၅၀၀ ခန့်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး အီရန်ဂါ ဂူနာဏီကာရာ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများ၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
အိမ်ရာစီမံကိန်းသုံးခုကို ယခုနှစ်တွင် လွှဲပြောင်းပေးအပ်သွားရန် စီစဉ်ထားသည်ဟု ဂူနာဏီကာရာက ပြောကြားခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသည် လာမည့်နှစ်နှစ်အတွင်း ကိုလံဘိုမြို့၌ မြို့ပြအိမ်ရာ အလုံးရေ ၇၀၀၀ ခန့်ကို ပေးအပ်သွားရန် စီစဉ်ထားရှိ သည်။
ဒေသခံများကို လုံလောက်သော မြို့ပြအိမ်ရာများ ပေးအပ်သွားမည်ဆိုပါက ၎င်းတို့သည် ပို၍ တာဝန်သိလာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဝင်ငွေနည်းမိသားစုများကို ဦးတည်ချက်ထား၍ သီရိလင်္ကာအစိုးရသည် ၂၀၂၆ ခုနှစ် အမျိုးသားအိမ်ရာစီမံကိန်းအရ နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များတွင် အိမ်ခြေ ၃၁၂၁၈ လုံး တည်ဆောက်သွားရန် စီစဉ်ထားရှိသည်။
ဆင်ဟွာ


