ခိုလန် ၇ အောက်တိုဘာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းတည့် ၁၂ နာရီက ခိုလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကော်မတီအဖွဲ့အား ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် PPE ဝတ်စုံ၊ Mask ၊ မျက်မှန်လက်အိတ်၊ Hand Gel တို့ကို ပေးအပ်ရာ ခိုလန်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌမှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခိုလန်မြို့ ဝင်/မြို့ထွက်နှင့် နမ့်စန် မြို့ဝင်/မြို့ထွက်၊ လွိုင်လင် မြို့ဝင်/မြို့ထွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး လွိုင်လင်မြို့နယ် စည်ပင်သာယာရေးမှ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


