ရွှေဘို   ၄  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထပ်မံဝယ်ယူပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

a1

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့သည် ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်လူနာဆောင် အမှတ်(၂)တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြည်သူများ၏ စုပေါင်း ထည့်ဝင်လှူဒါန်းငွေ ၈၈၂၁၄၅၀ဝ ကျပ်ဖြင့် အသက်ရှူစက် (၂)လုံး၊ လူနာကုတင် (၁၄)လုံးနှင့် အောက်ဆီဂျင် ဖြည့်စက်များအား (ဒုတိယ)အကြိမ် ထပ်မံဝယ်ယူပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အခုလို ပူးပေါင်းပါဝင်လှူဒါန်းပေးကြရာတွင် (ပထမ)အကြိမ် အသက်ရှူစက် (၃)လုံး၊ ယခု ထပ်မံလှူဒါန်းသည့် အသက်ရှုစက် (၂)လုံး စုစုပေါင်း အသက်ရှူစက် (၅)လုံးရှိလာပြီ ဖြစ်တဲ့အတွက် အလှူရှင်များကို မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း ၊ COVID-19 ရောဂါ မကူးစက်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံးအလေးထား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး  ကုသရေးအပိုင်းတွင် ထပ်မံလိုအပ်သည့် ပစ္စည်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)