မယ်စဲ့     ၁၄  ဇွန်

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းက ဖားဆောင်း-မယ်ဆည်နမ်-မယ်စဲ့- နမ့်မန်း-ဘီပီ(၁၃)လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖားဆောင်း-မယ်ဆည်နမ်- မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-(မြို့ပြ) ဦးဇော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မယ်စဲ့ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ်ကို ကြည့်ရှုစစ်ဆေးပြီး မယ်စဲ့မြို့ အဝင်ဆိုင်းဘုတ် တည်ဆောက်နေမှုအခြေအနေနှင့် ပန်တိန်းကျေးရွာ တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)