ကန်ကြီးထောင့်  ၂၆  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊  ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကျေးရွာတွင် ပထမအကြိမ်ကျင်းပ ပြုလုပ်သော တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦး၊ လွှတ်‌တော်ကိုယ်စားလှယ် များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

 

8

 

အခမ်းအနားတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဖာသာအိုင်ခလိန်တို့မှ မင်္ဂလာဖားစည်တီး၍ အခမ်းအနား ကို ဖွင့်လှစ်‌ပေးပြီး သဘာပတိအဖွဲ့မှ ဘီး‌ရှော့ဂျွန်ဆိန်းဟှီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

89

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ပွဲတော်သို့ ပေးပို့လာသော သဝဏ်လွှာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီမှ လည်းကောင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ ပေးပို့လာသော သဝဏ်လွှာကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စခင်ဇော်လင်းမှ လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ လည်းကောင်း ဖတ်ကြားသည်။

 

5555

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က "ကရင်လူမျိုးတို့ရဲ့ စာပေနှင့် ယဉ်ကျေးမှုကို ပိုမိုတိုးတက်လာရန်အတွက် နိုင်ငံတော်မှသော်လည်းကောင်း၊ တိုင်း‌ဒေသကြီး အစိုးရအနေနဲ့ သော်လည်းကောင်း၊ စာ‌ပေယဉ်ကျေးမှု ရိုးရာနေ့ထူးနေ့မြတ်များအတွက် ကူညီထောက်ပံ့‌ပေးနေသည်မှာ ယနေ့ ကရင်လူမျိုးများ ခံစား‌နေရသည်ကို သိရှိမှာဖြစ်ပါကြောင်း၊ ဒီအ‌ကြောင်းချင်းရာများမှာ ကရင်လူမျိုးတို့၏ ရရှိလာသော အခွင့်အရေးတစ်ရပ်ဖြစ်ပါကြောင်း၊ ကရင်လူမျိုး တစ်ရပ်လုံးရဲ့ စိတ်နှလုံးထဲမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း‌တွေ ရှိလာပြီဆိုရင် မကြာသော အချိန်ကာလအတွင်းမှာ အကျိုးကျေးဇူးများ စံစားနိုင်ပြီး မိမိတို့၏ စာပေယဉ်ကျေးမှုကို လေးစားခြင်းသည် ကိုယ့်လူမျိုးကို ထင်ပေါ်စေသည့်အပြင် အခြားလူမျိုးများအတွက်လည်း ကောင်းကျိုးဖြစ်တည်ပါကြောင်း၊ ရှေးယခင် ကရင်တိုင်းရင်းသားများအနေဖြင့် ရိုးသားခြင်း၊ ကြိုးစားခြင်း၊ သစ္စာရှိခြင်းဆိုသည့် ဘိုးဘွားဘီဘင်များ၏ ကောင်းမြတ်သောအမွေကို ထိန်းသိမ်း စောင့်ရှောက်ပြီး နှစ်ဟောင်းမှာ ကောင်းမွန်စွာဖြင့် ကျော်ဖြတ်လာနိုင်သကဲ့သို့ နှစ်သစ်မှာ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားကြ စေလိုပါကြောင်း၊ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ရေးမှာ ကရင် တိုင်းရင်းသားအားလုံး အတူတူလက်တွဲ ပါဝင်ကြပါစို့ဟု " နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

8930

 

ဆက်လက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးက နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တက်ရောက်လာကြသူများ၊ ဧည့်သည်တော်များမှ ကရင်ယဉ်ကျေးမှု သမိုင်းပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

87963014

 

နန်းထိုက် (KGD)

 

963