ရန်ကုန်၊ ၂၀  ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီ သုံးခွမြို့နယ်၊ ညောင်လန်းကုန်းဓာတ်အားခွဲရုံဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် နာရီတွင်ကျင်းပရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သော 33/11 KV, 5 MVA ဓာတ်အားခွဲရုံသစ်  (၁၃)ရုံ ရှိရာ မြောက်ပိုင်းခရိုင်အတွင်း   ရုံနှင့် တောင်ပိုင်းခရိုင်အတွင်း()ရုံ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်မည့် ညောင်လန်းကုန်းဓာတ်အားခွဲရုံ အပါအဝင် ဓာတ်အားခွဲရုံသစ် ၁၂ ရုံ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိရေးတို့ကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်က သုံးခွမြို့နယ်တွင် ယခင်ဖွင့်လှစ်ပေးခဲ့သည့်  33/11 KV, 5 MVA ဒေါင့်ကြီးဓာတ်အားခွဲရုံအပြင် ယခု ညောင်လန်းကုန်း ဓာတ်အားခွဲရုံ ထပ်မံ ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာ၊ အိမ်ထောင်စုပေါင်း ၄၄၉၀ စု ဓာတ်အားရရှိမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည့်နှင့်အမျှ လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေး အစရှိသည့်ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ ရေရှည်ကောင်းမွန်ပြီး မပျက်စီးအောင် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း ပြောကြား
သည်။

 

ထို့နောက် သုံးခွမြို့နယ်  33/11 kV, 5 MVA  ညောင်လန်းကုန်းဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်း အား  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း သုံးခွမြို့နယ် အမှတ် () တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေတို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက် )