ဝန်ကြီးချုပ် ဦးတင့်လွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

အထက်မင်းလှ စက်တင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မင်းလှမြို့ရှိ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုမှ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုလက်ရှိကာလတွင် မင်းလှမြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး မင်းလှမြို့ရှိ စေတနာရှင်အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အိမ်ထောင်စုပေါင်း ၇၂၅ စုအတွက် စုပေါင်းလှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ထောက်ပံ့‌ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မင်းလှမြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု ၅၀၀ စာ၊ စေတနာရှင်အလှူရှင်များမှ အိမ်ထောင်စု ၂၂၅ စာ စုစုပေါင်းအိမ်ထောင်စု ၇၂၅ စုအတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက အိမ်ထောင်စုအလိုက် အသီးသီးလှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)