ပဲခူး ၁ အောက်တိုဘာ 


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ေ

 


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးမှ ဝန်ထမ်းအိမ်ရာတည်ဆောက်ခဲ့မှု အခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအြေခအနေနှင့် အိမ်ရာတွင်ဝန်ထမ်းများထားရှိမည့် အခြေအနေများရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့်ဦးစီးဌာနဝန်ထမ်းများအတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေများဖြင့် (၄)ခန်းတွဲ(၅)ထပ်ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နောက်ထပ် တစ်လုံးနှင့် ဘဏ္ဍာနှစ်အလိုက်အိမ်ရာ(၆)လုံးပြည့်မီအောင် ဆက်လက်တည်ဆောက် ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ရာနေဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လွယ်လင့်တကူဝယ်ယူနိုင်အတွက် Shop House တစ်ခုပါ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)